Local News

မန္တလေးကုန်စည်ဒိုင်၏ ၂၀၂၂ ဇွန်လ ဒုတိယပတ် ပဲမျိုးစုံဈေးကွက်အခြေအနေ

Last Updated:

ကုလားပဲ

ဈေးကွက်တွင် ကုလားပဲလက်ကျန်နည်းနေသော်လည်း929ကိုပဲခွဲစက်များမှဝယ်ယူမှုရှိပြီးကျန်ကုလားပဲများကို Exporter များမှ ဝယ်ယူမှုရှိကြောင်းသိရသည်။ကုလားပဲဖြူကြီး(V-2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ်၁၅၂၀၀၀ မှ၁၅၃၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၄၇၀၀၀၊ ယခင်လကျပ် ၁၄၂၀၀၀ မှ ၁၄၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ၆၀၀၀၊ ယခင်လ ထက် ကျပ် ၁၀၀၀၀ ဈေးမြင့်တက်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၅၅၀၀၀ မှ ၁၅၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၁၄၉၀၀၀ မှ ၁၁၅၀၀၀၊ ယခင်လကျပ် ၁၃၀၀၀၀ မှ ၁၃၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၅၀၀ မှ ၆၀၀၀၀၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၅၅၀၀ ဈေးမြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၃၆၅၀၀ မှ ၁၃၇၀၀၀၊ ယခင်လကျပ် ၁၃၀၀၀၀ မှ ၁၃၃၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ယခင်လထက် ကျပ် ၇၀၀၀ မှ ၁၀၀၀၀ ဈေးမြင်တက်လာသည်။ ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၃၃၀၀၀မှ ၁၃၄၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၃၁၀၀၀မှ ၁၃၃၀၀၀၊ ယခင်လကျပ် ၁၂၅၀၀၀ မှ ၁၂၇၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀မှ ၂၀၀၀၊ ယခင်လထက် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဈေးမြင့်တက်လာသည်။

 ပဲတီစိမ်း

ပဲတီစိမ်းဝင်ရောက်မှုနည်းနေသော်လည်း အရည်အသွေးပေါ်မှုတည်၍ဈေးအနိမ့်အမြင့်ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၁၅၀၀၀မှ ၁၃၆၀၀၀၊ ယခင်ပတ်ကျပ် ၁၁၅၀၀၀မှ ၁၃၆၀၀၀၊ ယခင်လကျပ် ၁၄၇၀၀၀မှ ၁၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၁၄၀၀၀ မှ ၃၂၀၀၀ ဈေးနိမ့်လာသည်။

ပဲယင်း

ပဲယင်းမှာ လှောင်လက်ပဲသာရှိ၍ပုံမှန်အရောင်းအဝယ်ရှိနေသည်။ ပဲယင်း ၆၀ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုပတ်ကျပ် ၁၄၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၄၀၀၀၀၊ ယခင်လကျပ် ၁၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၁၂၀၀၀ ဈေးမြင့်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

 

Category: Local News